ဦးကျည်ပွေ့(ခေါ်)ရှင်ဒီသာပါမောက်
ပုဂံပြည်ကျစွာမင်းကြီး၊လက်ထက် ၌(သက္ကရာဇ် ၅၉၆-၆၁၂)အသက်(၆၀)ခန့်ရဟန်းအိုကြီးတစ်ပါးရှိ့၏။
အမှတ်မဲ့နေမိ၍
ပိဋ္ဋကတ်စာပေမတတ်ပေ။ထိုရဟန်းကြီးသည်၊နေ့တိုင်းသွားတိုက်သော၊ဒန်ပူ(သွားတိုက်တံ)တို့
ကိုကျောင်းအောက်ရှိ့၊လေးတောင်မျှနက်သောတွင်းထဲသို့၊ပစ်ချလေ့ရှိ့၏။ချဖန်များသော်၊ထိုတွင်းသည်ပြည့်
မောက်သွားသည်ကို၊မြင်လေသည်။
တနေ့၌၊ရဟန်းကြီးသည်၊ထိုဒန်ပူတိုကြည့်၍၊ဤသို့တွေးတောမိ၏။ငါသည်
တနေ့လျှင်၊ဒန်ပူတချောင်းမျှသာတိုက်၍၊ပစ်ခဲ့ရာ
ယခုတွင်းပြည့်လေပြီ။ဤမျှသေးငယ်သောဒန်ပူတို့ဖြစ်သော်
လည်း၊နေ့စဉ်မှန်မှန်ပစ်ချ၍၊ကာလကြာသော်၊တွင်းတစ်ခုလုံးပြည့်လေပြီတကား၊ငါသည်ယခုအသက်(၆၀)တိုင်
အမှတ်မဲ့နေခဲ့၍၊စာပေမတတ်ရှိ့ခဲ့၏။တနေ့တနေ့လျှင်ယခုဒန်ပူလောက်၊အနည်းငယ်စာပေသင်ခဲ့ပါလျှင်၊ကာ
လကြာသော်များစွာတတ်ရန်၊ရှိ့ပေသည်ဟု၊တွေးတောသတိရလေသည်။
သတိရသည့်အတိုင်းစာပေသင်တော့အံ့ဟု၊ကျစွာမင်းကြီးထံသို့ဝင်၍၊ကန့်ကူဆံအလှူခံလေ၏။(ရှေးက
ကန့်ကူဆံဖြင့်၊သင်ပုန်း၊ပရပိုက်တို့တွင်၊ရေကြသည်။)မင်းကြီးက
“အရှင်ဘုရား၊အသက်ကြီးလှပေပြီ၊ယခုမှစာသင်
လျှင်၊အဘယ်မှာတတ်နိုင်တော့၊မည်နည်း။ကျဉ်ပွေ့
အတက်ပေါက်မှ စာတတ်လိမ့်မည်”ဟုပြက်ရည်ပြုပြောဆို၍၊
ကန့်ကူဆံကို၊လှူလိုက်လေသည်။
ရဟန်းကြီးက၊ပျက်ရည်ပြုသည်ကိုစိတ်ကမှတ်၍၊ထွက်ခဲ့၏။မိမိကြံစည်ရင်းအတိုင်း၊စာပေကိုတနေ့လျှင်
ဒန်ပူတစ်ထောက်(တစ်ထွာခန့်)မျှသာ
ကျေကျေ ချောချော မိမိရရ ကြိုးစားသင်လေသည်။ကာလများမကြာမီပင်
တကယ်တတ်မြောက်၊တစ်ဖက်ကမ်းရောက်ဖြစ်ခဲ့လေသည်။ထိုအခါ၊မိမိအား
ပျက်ရည်ပြုပြောဆိုလိုက်သော၊ကျစွာမင်း
အားပြန်လည်ချေပလိုသဖြင့်၊ရဟန်းကြီးသည်၊ကျဉ်ပွေတစ်ခုတွင်၊အတက်ပေါက်လေဟန်၊သစ်ခက်စိမ်းများပတ်ချည်၍
လက်က
ကိုင်မြောက်ပြီး၊နန်းတော်သို့ဝင်လေသည်။၊
ကျစွာမင်းကြီးလည်း၊ထူးထူးဆန်းဆန်းပြု၍၀င်လာသော၊ရဟန်းကြီးကို
မမှတ်မိ၊အံ့သြစွာဖြင့်၊ကြည့်နေပြီးမှ
အကြောင်းအချင်းရာကို
မေးလေသည်။ထိုအခါ ရဟန်းကြီးက “ ဒါယကာမင်းကြီး၊တစ်ခါက ငါ့ကို ကျဉ်ပွေ့အတက်ပေါက်မှ
စာတတ်လိမ့်မည်ဟု
ဆိုလိုက်သည်ကို မှတ်မိသေး၏လော၊အေး ယခုကျဉ်ပွေ့ အတက်ပေါက်လာဘီ၊ မမြင်သလော”
ဟုကျဉ်ပွေ့ကိုပြလေသည်။မင်းကြီးလည်း၊သတိရ ၀မ်းမြောက်ကြည်ညိုချင်းဖြစ်၍၊တောင်းပန်လေ၏။
ရဟန်းကြီးက
ဆက်လက်၍ “ယခုငါစာတတ်ပြီ၊မေးလိုရာမေးလော” ဟုခပ်မာမာပြောဆိုမိန့်ကြားလေသည်။
ထိုအခါ ကျစွာမင်းကြီးနှင့်တကွ၊လေးပြင်လေးရပ်ရှိ့၊စာတတ်ပေတတ်
ဆရာတော် အကျော်အမော်တို့ကခက်ခက်ခဲခဲ နိုက်နိုက်
ချွှတ်ချွှတ်
စုံးစမ်းမေးမြန်းကြရာ၊အလုံးစုံကိုလျှင်မြန်ချောမောစွာ၊ဖြေဆိုနိုင်လေသည်။ထိုသည့်နောက်၊ပညာဂုဏ်မောက်နေသော
ရဟန်းကြီးက “ငါသည် ယခု အေးအေး ဆေးဆေး ရွှင်ရွှင်ကြည်ကြည်၊ ဥာဏ်ပွင့်လင်းနေ၍၊ဖြေရသည်မှာလွယ်၏၊သို့ကြောင့်ငါ့ကို
ရေတွင်နှစ်
ထားပါ။မွန်းလောက်သည်ရှိ့မှဖေါ်၍ ပေါ်လျှင်ပေါ်ချင်း မရွှင်မကြည်၊မရှင်းမလင်းရှိ့စဉ်၊အမြန်မေးပါ။ထိုအခါ
ငါဖြေဆိုပြမည်”ဟုဆို၏။
ဆိုသည့်အတိုင်း၊ကန်တွင်နှစ်၍ဖေါ်ပြီးသည်နှင့်တစ်ပြိုင်နက်
၊မေးမည့်ပိုဂ္ဂိုလ်က ၊မမေးမှီ၊
“အဟမ်း” ဟုချောင်
းဟန့် လိုက်သည်။ ရဟန်းကြီးက ပါဠိဘာသာ၊ “အဟံ” ကို မေးသည်ထင်၍၊ ထိုအဟံ
ကို
သဒ္ဒါ နည်းအ ရ၊အလျှင်အမြန်ပင်၊ချောချောမောမော ရုပ်တွက်ပြလိုက်လေသည်။ထိုအခါမေးသည့်ပဂ္ဂိုလ်မှာ၊ပြုံးရယ်၍
မမေးဝံ့တော့ဘဲ၊လက်
လျှော့လေ၏။ပြီးလျှင်
ရဟန်းကြီးက၊ “ငါ့ရှင်တို့ ငါ့ကိုမေးကြသည်မှာများလှပေပြီ၊ငါကလည်းမေးပါရစေ” ဟုဆို၏။
“မေပါတော”့ ဆိုမှ ပုစ္ဆာ တစ်ခု
ကို
မေးလိုက်ရာ၊မဖြေနိုင်ကြ ရှိ့သောဟူ၏။
ဤသို့ ရဟန်းကြီးကျော်စောကာ၊မင်းနှင့်တကွ အများပြည်သူတို့
ကိုးကွယ်ကြ၏မင်းကလည်း “ဒိသာပါမောက္ခ” ဟူသော၊ဘွဲ့တံဆိပ်
ကို
ကပ်လှူတော်မှု၏။ကျဉ်ပွေ့အတက်ပေါက်သည်၊ဟူသော စကားအဖြစ်အပျက်နှင့်၊ စပ်၍ “ဦးကျဉ်ပွေ့” ဟုလည်းသာ၍ပင် ထင်ရှားလေသည်။
No comments:
Post a Comment